Take Screen Shot on Mac

December 7 2015

Mac Beginner users များအတွက် အကြောင်းအမျိုးမျိုးနှင့် မိမိ Mac computer ၏ screen ကို snapshot ဓါတ်ပုံရိုက်ကူးနိုင်ရန် screen shot ရိုက်ကူးနည်း အမျိုးမျိုးကို ဖော်ပြလိုက်ပါတယ်။ Default အနေနှင့် screen shot ရိုက်လိုက်သော ဓါတ်ပုံများသည် Desktop ပေါ်တွင် သိမ်းသွားပြီး၊ File name အနေနဲ့ (Screen Shot Date Time) အလိုက်ဖြစ်ပြီး ‘.png’ format နဲ့ သိမ်းသွားပါလိမ့်မည်။

Screen Shot ကို Option လေးမျိုးနှင့် ရိုက်ကူးနိုင်ပါတယ်..။
 (1) Full Screen Shot (မျက်နှာပြင် တစ်ခုလုံးအား ရိုက်ယူခြင်း)
 (2) Selection Area Shot (နေရာကွက်၍ ရိုက်ယူခြင်း)
 (3) Selective Window Shot (ဖွင့်ထားသည့် Window တစ်ခုကို ရိုက်ယူခြင်း)
 (4) Save to Clipboard Screen Shot (clipboard တွင် သိမ်းယူခြင်း)

Screen Shot ရိုက်ကူးရာတွင် အသုံးပြုမည့် ကီးဘုတ်ခလုတ်များမှာ −
 (shift, command ⌘, control, space bar) နှင့် နံပါတ်ကီး (3, 4) တို့ကို တွဲပြီး အသုံးပြုရပါမည်။

(1) Full Screen Shot
computer screen ၏ မျက်နှာပြင်တစ်ခုလုံးကို ရိုက်ကူးရန်..

command⌘ + shift + 3



ကင်မရာ shutter အသံနှင့်အတူ ပုံကို Desktop တွင် save လုပ်သွားပါပြီ။


(2) Selection Area Shot

screen မျက်နှာပြင်မှ မိမိစိတ်ကြိုက် နေရာတစ်ခုအား ကွက်၍ရွေးချယ်ရိုက်ကူးရန်..

command⌘ + shift + 4

ကို အရင်နှိပ်ထားပြီး လွှတ်လိုက်ပါ၊ ထို့နောက် mouse မှ ဖြစ်စေ Touch pad မှ ဖြစ်စေ နိပ်ထားပြီး မိမိလိုချင်သော အပိုင်းကို Drag ဆွဲပြီးနောက် (mouse / touch pad) မှ လွှတ်ပေးလိုက်ပါ။





မှတ်ချက်။ ။ mouse/touch pad မှ မလွှတ်မီ Cancel လုပ်လိုပါက “Esc” key နှိပ်ပါ။


(3) Selective Window Shot

မိမိဖွင့်ထားသော Windows ငယ်လေးများထဲမှ နှစ်သက်ရာ Window box တစ်ခုကိုသာ ရွေးချယ်ရိုက်လိုပါက..

command⌘ + shift + 4 and hit space bar

command⌘ + shift + 4 ကို အရင် နှိပ်ပြီးနောက် space bar တစ်ချက်နှိပ်ပါ။ ထိုအခါ ကင်မရာပုံလေး ပေါ်လာပြီး မိမိနှစ်သက်ရာ Window ကို ရွေးချယ်ပြီး (mouse / touch pad) ကို တစ်ချက် နှိပ်ပါ။






(4) Save to Clipboard Screen Shot

မိမိ screen shot ရိုက်လိုက်သောပုံကို Desktop မှာ တိုက်ရိုက် save မလုပ်သွားသေးပဲ Clipboard မှာ ယာယီသိမ်းထားပြီးနောက်၊ ပုံကို အမှန်တစ်ကယ် အသုံးပြုမည့် နေရာ (Application) ထဲရောက်မှ “command⌘ + V” နှိပ်ပြီး ‘Paste’ လုပ်ချသော နည်းလမ်း ဖြစ်ပါတယ်။

‘control’ key သည် အသက်ဖြစ်ပြီး.. Full screen အတွက်..



command⌘ + control + shift + 3

Selection Area အတွက်..

command⌘ + control + shift + 4


Selective Window အတွက်..

command⌘ + control + shift + 4 and hit space bar

တို့ကို အသုံးပြုနိုင်ပါသည်…။


Grab Application ကို အသုံးပြုခြင်း

Mac OS မှာ အသင့်ပါင်တဲ့ “Grab” App နှင့်လည်း အလားတူ ရွေးချယ်မှုမျိုးများနှင့် Screen Shot ဖမ်းနိုင်ပါသေးတယ်။

Finder ရဲ့ Applications > Utilities > Grab (သို့မဟုတ်) Launchpad ၏ search box တွင် ‘Grab’ ဟု ရိုက်ရှာပြီး ဖွင့်ပါ။



ထို့နောက် Menu bar ရှိ Capture တွင် မိမိနှစ်သက်သော Option နှင့် ရိုက်ကူးနိုင်ပါသည်။ ကွာခြားချက်မှာ ရိုက်ကူးပြီး ပုံများကို Desktop တွင် အလိုလျှောက် Save မလုပ်ပဲ File > Save ထဲတွင် စိတ်ကြိုက် လမ်းကြောင်းချပြီး သိမ်းနိုင်ပါသည်။